Empirical Study on Project Life Cycle and Scrum Framework
ပရော့ဂျက်စီမံခန့်ခွဲရေးနယ်ပယ်မှာ Plan Driven, Waterfall လို့ခေါ်တဲ့ Project Life Cycle Approach ဟာ အတော်အသုံးဝင် ထိရောက်တဲ့ လုပ်ငန်းစဉ် ချဉ်းကပ်ပုံ အယူအဆတစ်ခုဖြစ်ပါတယ်။
နည်းပညာဆိုင်ရာ ပရော့ဂျက်မန်နေဂျာတွေ အထူးသဖြင့် Information Technology and Software Developer တွေအတွက်ကတော့ Agile Scrum Approach ကပိုပြီး အသုံးတည့်၊ အသုံးဝင်သလို ရှိပါတယ်။
ဘာကြောင့်လည်းဆိုတာတွေကို လေ့လာကြည့်ရင်..
Project Output တွေရဲ့ သဘောသဘာဝက Intangible ဖြစ်နေတာကလည်း အကြောင်းအရင်း တစ်ခုပါ။
Tangible ရလဒ်တွေမှာဆိုရင်လည်း အင်မတန် ရှုပ်ထွေးတဲ့ နည်းပညာ ဖန်တီးမှုတွေ ပြည့်နက်နေတယ်။
ပရော့ဂျက် Constraint တွေထဲက တစ်ခုဖြစ်တဲ့ Project Product Description (what we need to deliver or produce) ဆိုတာနဲ့ဘဲ အတော်ခေါင်းကိုက်သွားတယ်။
Identify what we will produce.
ဒီလို စိတ်ကူး၊ စိတ်သန်းတွေ တကယ်ဖြစ်လာဘို့အတွက် ဘယ်လိုများ အကောင်အထည်ဖော်မလဲဆိုရင် ပိုပြီးတောင် ခေါင်းကိုက်သွားလိမ့်မယ်။
Identify how we need to deliver.
နောက်တစ်ခုက သူတို့ဖန်တီးရတဲ့ အလုပ်တွေကလည်း စိတ်ကူးစိတ်တမ်း၊ ဆန်းသစ်တီထွင်နိုင်မှုကို ပိုပြီးအားကိုးရပါတယ်။
တီထွင်ဖန်တီးမှု အားကောင်းတဲ့ ပညာရှင်တွေ များစွာပါဝင်ပတ်သက် လုပ်ကိုင်နေတယ်။
Who will perform to this expectation happen.
Developers: Professional and Technical Experts
စကားစပ်မိလို့ ပြောပါရစေ..
သူများတကာရဲ့အမြင်မှာ ကွန်ပျူတာ ကျွမ်းတယ်ဆိုတာ..
ကွန်ပျူတာ ပရိုဂရမ်ထဲမှာပါတဲ့ သက်ဆိုင်ရာ feature တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာ..
ကွန်ပျူတာက ခိုင်းတဲ့အတိုင်း လိုက်လုပ်တတ်တာတွေကိုဘဲ ကျွမ်းကျင်တယ်လို့ ယေဘူယျမြင်ထားကြတာ။
ကွန်ပျူတာကို ပြန်ပြီး ခိုင်းနိုင်မှ တကယ့်ပညာရှင် ပါရမီရှင်တွေ ဖြစ်မှာပါ။
အဲဒီပါရမီရှင်တွေကို Developers လို့ခေါ်ကြပါတယ်။
သူတို့အဖွဲ့ကို Development Team လို့ခေါ်ပါတယ်။
Scrum Framework ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို စတင်မိတ်ဆက်ပေးတာပါ။
အိုင်တီ နည်းပညာပရော့ဂျက်တွေမှာ ထူးခြားတဲ့၊ နားလည်ရ ခက်တဲ့..
ထုတ်ကုန် ပစ္စည်း၊ Project Product (What)
လုပ်နည်းလုပ်ဟန်၊ နည်းနိဿယ၊ Technology (How)
ထုပ်လုပ်သူ ပညာရှင်၊ Developers (Who) တွေပါဝင်ရောယှက်နေပါတယ်။
Complex ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အစဉ်အလာအရ လက်ခံကျင့်သုံးလာခဲ့တဲ့ ပရော့ဂျက်စီမံခန့်ခွဲရေးမော်ဒယ်တွေအစား ပိုမိုကောင်းမွန် အလုပ်ဖြစ်စေမယ့် Agile Product Management Model တွေကို အသုံးပြုလာကြတယ်။
အဲဒီအထဲမှာ အကောင်းဆုံးမော်ဒယ်ကတော့ Scrum လို့ပြောကြပါတယ်။
What is Scrum?
Scrum အဓိပ္ပါယ်သတ်မှတ်ချက်ကို ကြည့်ရအောင်..
Scrum is a framework for developing, delivering, and sustaining complex products.
Complex Product တွေကို တီထွင် ဖန်တီး ထုတ်လုပ်ဘို့အတွက်ဖြစ်ပါတယ်.. တဲ့။
ဘယ်လိုထုတ်ကုန်တွေက Complex ဖြစ်တယ်ဆိုတာ စေ့စေ့တွေးရင် ရေးရေးပေါ်နိုင်ပါတယ်။
ကိုယ့်လက်ထဲက လက်ကိုင်ဖုန်းတစ်လုံးအကြောင်းကိုဘဲ စဉ်းစားကြည့်ရအောင်..
ကိုယ်တို့လို နှစ်ချို့ ဘဲကြီးတွေအတွက်တော့ လက်ကိုင်ဖုန်းဆိုတာ ဖုန်းပြောမယ်၊ ဖွဘုတ်ပွတ်မယ်၊ ဘောလုံးပွဲကြည့်မယ်၊ ဓါတ်ဖမ်းမယ်.. ဆိုတာတွေအတွက်လောက်ပါဘဲ။
ယနေ့ခေတ် ဂျန်ဇီတွေကတော့ လက်ကိုင်ဖုန်းတစ်လုံးထဲကနေ ကမ္ဘာကြီးကို ထိန်းချုပ်ဘို့ ပြင်ဆင်နေကြပြီ။ ယခုလို အကြပ်အတည်းကာလမှာ အိုင်တီ ကီးဘုတ်ဖိုက်တာတွေရဲ့ ဝန်းရံကူညီမှုတွေဟာ အလွန်ကို အရေးရောက်ပါတယ်။
Product Vision
Complex Product တွေထုတ်လုပ်ဘို့ ဘယ်သူက စတင်ရပါ့မလဲ? ဘယ်က စတင်ရပါ့မလဲ?
စိတ်ကူးကောင်းတဲ့ လူတစ်ယောက်က စိတ်ကူးကောင်းတဲ့ ကုန်ပစ္စည်းအသစ်တစ်ခုထုတ်လုပ်ဘို့ စဉ်းစားရာကနေ စတင်ခဲ့တာပါ။
အဲဒီလူကို Product Owner လို့ခေါ်ပါတယ်။
ထုတ်ကုန် ပစ္စည်းတစ်ခုရဲ့ ရည်ရွယ်ချက်၊ တန်ဘိုး၊ နောက်ဆက်တွဲ အကျိုးရလဒ်တွေအားလုံးအပေါ်မှာ အလုံးစုံ တာဝန်ရှိသူ တစ်ယောက်.. လို့ပြောနိုင်ပါတယ်။
The Product Owner is responsible for maximizing the value of the product resulting work of the development team (Scrum Team).
အိုင်တီလောကရဲ့ သမိုင်းဝင် ထုတ်ကုန်တွေကို လေ့လာကြည့်ရအောင်..
ကင်မရာ၊ ဓာတ်ပုံ၊ ရုပ်ရှင်၊ အမ်ပီသရီး၊ ဗွီဒီယို၊ တယ်လီဖုန်း၊ ဂဏန်းပေါင်းစက်၊.. အားလုံး အလုံးစုံပါဝင်တဲ့ ပစ္စည်းကရိယာတစ်ခုကိုထုတ်လုပ်ဘို့ စိတ်ကူးခဲ့တယ်။ iPhone
ကွန်ပြူတာစနစ်တစ်ခုအပေါ်မှာ ဖွဲ့စည်းပုံစနစ်အမျိုးမျိုးရှိတဲ့ နောက်ထပ်ကွန်ပြူတာတွေ ပွားယူလို့ရတဲ့ ပရိုဂရမ်ကို စိတ်ကူးရခဲ့ကြတယ်။ VMware, KVM, Xen
လူတစ်ယောက်ချင်းစီရဲ့ ဝါသနာ၊ အပြုအမူ၊ စိတ်သဘောထားအတိုင်း လိုက်လံဖြည့်ဆည်း၊ ဆက်သွယ်ပေးနေတဲ့ ပရိုဂရမ်တစ်ခု။ Facebook.
အသံကြားရရုံနဲ့ ဘာသာပြန်ပေးတဲ့ ပရိုဂရမ်တစ်ခု။ Google translator.
အခြားသော ဖန်တီးမှုအားကောင်းတဲ့ ထုတ်ကုန် ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။
မြန်မာစာ ဇောဂျီ၊ ယူနီကုဒ် ဖန်တီးမှုများလည်း အပါအဝင်ပါဘဲ။
Personal Computer ထုတ်လုပ်ဘို့ စိတ်ကူးရခဲ့တဲ့ အိုင်ဘီအမ်..
iPhone ထုတ်ဘို့ စိတ်ကူးရခဲ့တဲ့ စတိဂျော့..
Facebook လိုလူမှုကွန်ယက်ပရိုဂရမ်တစ်ခုကို စဉ်းစားခဲ့တဲ့ လူငယ်လေးတစ်ယောက်..
Linux ကိုဖန်တီးခဲ့တဲ့ အိုင်တီကျောင်းသားလေး..
Product Owner ရဲ့နေရာက ဆန်းသစ်တီထွင်လိုသူ၊ စွန့်စားလိုသူ၊ အမြော်အမြင်ရှိသူတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
Entrepreneur mindset, creativity, strategic and business mindset are essential assets for the product owner..
Product Owner is a business initiator, value creator and entrepreneur..
ဒီလိုပြောလိုက်ရင် လွန်ရာကျသွားမလားဘဲ..
ဟုတ်ပါတယ်။ အဲဒီလောက်အထိ အရေးကြီးပါတယ်။
တကယ်ဆိုတော့..
အိုင်ဘီအမ်ကုမ္ပဏီကလည်း ပီစီကွန်ပျူတာထဲမှာ ပါဝင်တဲ့ Processor, Operating System ပစ္စည်းအစိတ်အပိုင်းအားလုံးကို သူကိုယ်တိုင်ထုတ်လုပ်ခဲ့တာမဟုတ်ပါ။
Facebook ပရိုဂရမ်ရဲ့ coding line တွေအားလုံးကိုလည်း ဆူကာဘတ်တစ်ယောက်ထဲ ရေးတာ ဟုတ်ချင်မှ ဟုတ်မှာပါ။သူ့အဖွဲ့သားတွေနဲ့ ပေါင်းပြီးရေးခဲ့ရမှာပါ။
iPhone ထုတ်လုပ်တာလည်း ဒီအတိုင်းပါဘဲ။
အဲဒီ စိတ်ကူး Idea, New Product ပစ္စည်းအသစ်ထုတ်လုပ်ဘို့အတွက် Process လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရတာကတော့ Project Manager ရဲ့ အဓိကတာဝန်ပါ။
ပရော့ဂျက်ဆိုတာကတော့ ကုန်ပစ္စည်းအသစ်တခု ထုတ်လုပ်ဘို့ ကြိုးစားအားထုတ်ရတဲ့ ယာယီ ဖြစ်စဉ်တခုပါ။
Project Management or Product Development
Product တစ်ခု ဖန်တီးထုတ်လုပ်ဘို့ စိတ်ကူး စိတ်တမ်း မရှိခဲ့ရင် Project ဆိုတာလည်း မရှိနိုင်တော့ပါ။
ပီအမ်အိုင်ရဲ့ ပရော့ဂျက်အပေါ်မှာမြင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ရအောင်..
A project is a temporary endeavor undertaken to create a unique product, service, or result.
ပရော့ဂျက်စီမံခန့်ခွဲတယ်ဆိုတာကလည်း အချိန်၊ ငွေကြေး၊ အလုပ် ဆိုတဲ့ သုံးနားညီ ရလဒ်တွေကို ထိန်းကွပ် စီမံရတာပါ။
Time, Scope, Cost လို့ပြောကြတဲ့ Project Constraint တွေကို ထိန်းကွပ် စီမံရပါတယ်။
Process and Task Management ကိုပိုပြီးအလေးပေးပါတယ်။
ပီအမ်ပီမှာ Process, Tools and Techniques ဘယ်လောက်များသလဲဆိုတာ သဘောပေါက်မိမှာပါ။
သူ့ကိုခိုင်းလိုက်တဲ့အလုပ်တစ်ခုကို..
သတ်မှတ်ထားတဲ့ အချိန်၊
ငွေကြေးအတိုင်းအတာ၊
အရည်အသွေးကိုက်ညီမှု မူဘောင်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ပေးရင် ပြီးတာပါဘဲ။
Scrum Framework မှာတော့ လိုချင်တဲ့ကုန်ပစ္စည်း၊ ရလဒ်ကို ပြီးမြောက်အောင် လက်တွေ့ဆောင်ရွက်ပေးရတဲ့ အဖွဲ့ကို Development Team (Developers) လို့ခေါ်ပါတယ်။ သက်ဆိုင်ရာပညာရပ်နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်အုပ်စုပါ။
Design, Coding, Testing တွေအားလုံး လုပ်ပေးရတဲ့ ပညာရှင်အဖွဲ့ပါ။
အဲဒီအဖွဲက သူတို့အလုပ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်ကိုင်ကြမယ်ဆိုတဲ့ ကတိကဝတ်၊ ခံယူချက်၊ ဆုံးဖြတ်ချက်တွေနဲ့ အချင်းချင်းညှိနိုင်း လုပ်ကိုင်ကြပါတယ်။
သူများ ခိုင်းမှ လုပ်တာမဟုတ်ဘူး။
အပြင်လူကနေပြီး သူတို့ကို ဟိုလိုလုပ်ပါလား.. ဒီလိုလုပ်ပါလား.. လို့ပြောစရာမလိုဘူး.. တဲ့။
Self-Organizing, Self-Managing, Cross-Functional Team ဖြစ်တယ်လို့ ပြောပါတယ်။
Scrum Team တခုလုံးကို လိုအပ်တဲ့အထောက်အပံ့တွေပေး၊ အလုပ် ပတ်ဝန်းကျင်နဲ့ ပတ်သက်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရသူကိုတော့ Scrum Master လို့ခေါ်ပါတယ်။
Scrum အသင်းရဲ့ ခေါင်းဆောင်ပါ။ ဘယ်လို ခေါင်းဆောင်မှု ပုံစံလဲဆိုတော့..
Servant-Leadership Style, အလုပ်အကျွေး၊ အထောက်အပံ့ပေးရတဲ့ ခေါင်းဆောင်မျိုး..
Development Team ကထုတ်လုပ်ပေးလိုက်တဲ့ ကုန်ပစ္စည်း ရလဒ် Output, Service, Product တွေဟာ
တကယ်အသုံးဝင်ရဲ့လား?
အဖွဲ့အစည်းရဲ့အပေါ်မှာ တကယ်အကျိုးပြုရဲ့လား?
အသုံးပြုသူတွေ တကယ်ကြိုက်ရဲ့လား?.. ဆိုတဲ့ နောက်ဆက်ဆွဲ အကျိုးဆက်တွေအားလုံးအတွက် Product Owner အပေါ်မှာတာဝန်ရှိပါတယ်။
Product Owner is responsible for the optimizing the value of the work the development team (Scrum Team) performs.
Product Owner ဆိုတော့ နာမည်ပေးထားတဲ့အတိုင်း ထုတ်ကုန်ပစ္စည်းတခုရဲ့ ပိုင်ရှင်၊ တာဝန်ခံဖြစ်ပါတယ်။
Apple ကထုတ်လိုက်တဲ့ အိုင်ဖုန်းဟာ နောက်လူတွေလိုက်မမီနိုင်အောင်၊ အတုခိုးလို့မရအောင် ဆန်းသစ်တီထွင်မှုတွေ အမျိုးမျိုးထပ်ထည့်နေရပါတယ်။
Microsoft ရဲ့ ဝင်းဒိုးကလည်း ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့အတူ ထွက်ပေါ်လာအုန်းမှာပါ။
Product Mindset, Project Mindset.. ဒီ ၂ ခုရဲ့ကွဲပြားခြားနားမှုကို သေချာသဘောက်ပေါက်ရင် Scrum ကိုလေ့လာရတာ ပိုပြီးလွယ်ကူလာပါလိမ့်မယ်ဗျာ။
Agile Scrum Product Development ဆိုတာက..
ပရော့ဂျက်တစ်ခုကဲ့သို့ One time solution မဟုတ်ပါ။
Temporary ယာယီ မဟုတ်ပါ။
တကယ်ဆိုတော့..
Continuous Improvement အမြဲတမ်း ပိုမို တိုးတက်ကောင်းမွန်အောင် တီထွင် ဖန်တီးနေရမှာပါ။
ဘာမှမလုပ်ဘဲနေရင်၊ အမှားမလုပ်မိရင်တောင်.. ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရနိုင်တယ်..တဲ့။
Never stop learning!
ကဲ.. နိဂုံးချုပ်ရအောင်..
Traditional Project Management မှာ အဓိကဇာတ်လိုက်မင်းသားကတော့ Project Manager.
Scrum Framework မှာတော့ အဓိကဇာတ်လိုက်မင်းသားက Product Owner.
Scrum Master ကတော့ ဇာတ်ပို့အနေနဲ့ ပါဝင်တင်ဆက်ရမှာပါ။
သင့်အနေနဲ့ရော..
Project Manager or Product Owner?
အိုင်တီ နည်းပညာနယ်ပယ်မှာ လုပ်ကိုင်နေကြတဲ့ ပညာရှင်များအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။