professional-scrum-master-exam-preparation
|

Professional Scrum Master Exam Preparation Guide

Professional Scrum Master နဲ့ပတ်သက်တဲ့ စာမေးပွဲတွေအားလုံးဟာ အသစ်ထွက်လာတဲ့ Scrum Guide အပေါ်မှာဘဲ အခြေခံပြီး စစ်ဆေးသွားမယ်ဆိုတာကိုတော့ ဒီလောကသားတွေ သတိထားမိလောက်ပါပြီ။

၂၀၂၁၊ ဇန်နဝါရီလပိုင်းက အသစ်ထွက်လာတဲ့ Scrum Guide က ဘာတွေပိုပြီး ထူးခြားလာသလဲလို့ မေးလာရင်တော့..
ရှင်းလင်းတင်ပြချက်တွေ ပိုပြီးကျစ်လစ် သိမ်မွေ့သွားတယ်။
Empiricism ရဲ့ သဘောသဘာဝကို ပိုပြီးအလေးထားမိအောင် တင်ပြသွားတယ်။
Scrum ကိုယ်တိုင်က Framework တစ်ခုသာဖြစ်ပါတယ်လို့ ပြောထားတဲ့အတိုင်း Tools, Techniques, Method လို့ပုံသေယူဆသွားနိုင်တဲ့ ရှင်းလင်းချက်၊ တင်ပြချက်တွေကို အတတ်နိုင်ဆုံး ရှောင်ထားတယ်။
လုပ်နည်းလုပ်ဟန်တွေထက် ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာသေချာစေချင်တဲ့ သဘောရှိတယ်။ Product Goal, Sprint Goal, Definition of Done ဆိုတဲ့ အယူအဆတွေကို ပိုပြီးလေးလေးနက်နက် သိစေချင်တဲ့ သဘောရှိတယ်။

ပြီးခဲ့တဲ့ Scrum Master စာမေးပွဲအတွက် သီးသန့်ဖွင့်တဲ့ သင်တန်းတွေမှာတော့ ဒီသဘောတရားတွေကို ယျေဘူယလောက်ဘဲ ဆွေးနွေးခဲ့ပြီး Product Owner Course မှာတော့ သေသေချာချာ ဆွေးနွေးပေးခဲ့ပါတယ်။
ကျတော်ရဲ့ Scrum Master, Product Owner Course ကို တက်ဖူးသူတိုင်း သတိထားမိမှာပါ။ Scrum Guide ကပြောထားတဲ့ စကားလုံးတိုင်းရဲ့ နောက်ကွယ်ကဆိုလိုချက်တွေကို သဘောပေါက် နားလည်အောင် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြခဲ့ပါတယ်။ စဥ်းစားစရာ၊ တွေးတောစရာတွေလည်း အများကြီးပေးခဲ့ပါတယ်။

Scrum Master Exam Tips

Professional Scrum Master စာမေးပွဲ ဖြေဆိုမယ့်သူများအတွက် မဖြစ်မနေ သေသေချာချာ သိရှိနားလည်ထားရမယ့် အကြောင်းအရာတွေကို (Understanding and Applying the Scrum Framework) စာရင်းပြုစုပေးလိုက်ပါတယ်။
1. Empiricism
2. Scrum Values
3. Scrum Roles
4. Scrum Events
5. Scrum Artifacts
6. Definition of Done
7. Self-Organizing Teams

Leadership and People development

ကိုယ့်အဖွဲ့သားတွေကို စီမံခန့်ခွဲ၊ ပံ့ပိုးပေးရမယ့် ကိစ္စတွေကိုလည်း သိရှိထားစေချင်ပါတယ်။ Developing People and Teams ဆိုတဲ့ ခေါင်းစဥ်အောက်က စီမံခန့်ခွဲမှုပုံစံလေးတွေပါ။
အဲဒါတွေကတော့..
1. Facilitation
2. Leadership Styles
3. Coaching and Mentoring

Agile Product Development

Agile Product Development နဲ့ပတ်သက်တာတွေကတော့ ပီအို Product Owner Course မှာမှ သေသေချာချာ လေ့လာရမှာဖြစ်ပေမယ့် Scrum Master တယောက်အနေနဲ့လည်း တီးမိခေါက်မိ ရှိထားစေလိုဟန်ရှိပါတယ်။
အဲဒါတွေကတော့..
1. Forecasting and Release Planning
2. Product Value
3. Product Backlog Management
4. Emergent Software Development
5. Managing Technical Risk
6. Continuous Quality

Three Key Area of Learning about Scrum Master

အနှစ်ချုပ်အနေနဲ့ကတော့ လေ့လာစရာ အပိုင်း ၃ ပိုင်းရှိပါတယ်။
1. Understanding and Applying the Scrum Framework. . အပီအပြင်နားလည်းထားသင့်တယ်။
2. Developing People and Teams. . အတော်အတန် နားလည်းထားသင့်တယ်။
3. Agile Product Development. . တီးမိ ခေါက်မိရှိထားသင့်တယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သေချာ သဘောပေါက် နားလည်ထားရင် Professional Scrum Master စာမေးပွဲဖြေဘို့ လုံလောက်ပါတယ်။
စာမေးပွဲဖြေ၊ အောင်လက်မှတ်တွေယူဘို့ဆိုတာကတော့ မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပါ။
ကိုယ်ကြိုက်တာ ကိုယ်လုပ်။
ကိုယ်သာလျှင် ကိုယ့်ရဲ့ အရှင်သခင်။
လွတ်လတ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။
ဒီလောကမှာ ကျင်လည်မယ်ဆိုရင်တော့ ဒီကိစ္စတွေကို သိထားတာဟာ အမှားမရှိတန်ရာ။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ။
ပညာရှင်များကို လေးစားလျှက်..

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *