project-in-controlled-environments

Why PRINCE2 is a Practical Project Management

ပရင့်တူးဟာ ပရော့ဂျက်စီမံခန့်ခွဲရေးနယ်ပယ်မှာ လူသိများတဲ့၊ လေ့လာလိုက်စားမှုများတဲ့ “စီမံခန်ခွဲရေးမော်ဒယ်” တစ်ခုဖြစ်ပါတယ်။
လက်တွေ့အသုံးပြုနေတဲ့ ပရော်ဖက်ရှင်နယ်တွေ့ရဲ့ “ပွဲတွေ့” နည်းနာနိဿယဖြစ်တယ်လို့ပြောကြပါတယ်။
သီအိုရီသဘောတရားတွေထက် လက်တွေ့ပိုင်းကို ပိုပြီးဦးစားပေးလို့ Best Practices လို့လည်းပြောကြပါတယ်။
ယူကေအစိုးရ (အစိုးရဝန်ကြီးများရုံး) ရဲ့ “စံ” အဖြစ်အသုံးပြုတဲ့ မော်ဒယ်ဖြစ်ပါတယ်။
ယူကေအစိုးရ၊ အနောက် ဥရောပ၊ သြစတြေးလျ၊ ကုလသမဂ္ဂနှင့်သူ့ရဲ့အေဂျင်စီတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။
ယခုအခါမှာတော့ နိုင်ငံတကာမှာ လက်ခံသုံးစွဲတဲ့ (Method, Methodology) နည်းစနစ်အဖြစ် လူသိများပါတယ်။
ပရင့်တူး မော်ဒယ်ကိုစတင်အသုံးပြုတာကတော့ (ဗြိတိန်) ယူကေနိုင်ငံ ဗဟိုကွန်ပျူတာနှင့်တယ်လီကွန်း အေဂျင်စီ – CCTA (Central Computer and Telecommunications Agency) မှာပါ။
သတင်းအချက်အလက်ဆိုင်ရာ ပရော့ဂျက်တွေအတွက် ရေးဆွဲထားတဲ့ စီမံခန့်ခွဲရေးမော်ဒယ်တခုပါ။
မူလအခေါ်အဝေါ်ကတော့..
(Project Resource Organization Management Planning Techniques) လို့ခေါ်ကြပါတယ်။
ဒီကနေပြီး PRojects IN Controlled Environments – PRINCE ရယ်လို့ပြောဆို ခေါ်ဝေါ်လာကြတယ်။
ဒီမော်ဒယ်ကို ယူကေအစိုးရရဲ့ အိုင်တီပရော့ဂျက်တွေအပြင် ပြင်ပပုဂ္ဂလိကအဖွဲ့အစည်းတွေကပါ လိုက်လံသုံးစွဲလာကြပါတယ်။
နောက်ပိုင်း “စီစီတီအေ” ဆိုတဲ့ အေဂျင်စီက အစိုးရဌာနတခုဖြစ်လာပြီး.. OGC (Office of Government Commerce) ရယ်လို့ဖြစ်လာပါတယ်။
PRINCE ဆိုတဲ့ မော်ဒယ်ကိုလည်း မွမ်းမံပြင်ဆင်ပြီး PRINCE2 ဆိုတဲ့နာမည်ကိုပေးလိုက်တယ်။
(ပရင့်ဗားရှင်း ၂) လို့ဆိုလိုဟန်ရှိတယ်။
ပရင့်တူးကို “အိုဂျီစီ” မော်ဒယ်လို့လည်း ခေါ်ကြပါတယ်။
ယခုအခါမှာတော့..
အိုဂျီစီရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို (Cabinet Office) ယူကေအစိုးရဝန်ကြီးများရုံးက ကိုင်တွယ်တယ်လို့ ပြောပါတယ်။
ပရင့်တူးမော်ဒယ်ကိုစတင်ရေးဆွဲတုန်းကတော့ သူ့နိုင်ငံအစိုးရရဲ့ နည်းပညာဆိုင်ရာ ပရော့ဂျက်တွေမှာ အသုံးပြုဘို့ ဖြစ်ပေမယ့် ဒီမော်ဒယ်က ဘယ်လိုပရော့ဂျက်အမျိုးအစားမှာမဆို အသုံးပြုလို့ရတယ်၊ အသုံးတည့်တယ်ဆိုတာ လက်ခံလာကြတယ်။
“ပွဲတွေ့၊ လက်တွေ့”သုံးကြည့်လို့ အဆင်ပြေတယ်ဆိုတာ လက်ခံလာကြတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ အသုံးပြုလာကြတယ်။

ပရင့်တူးမော်ဒယ်ရဲ့ ပိုင်ဆိုင်ခွင့်ကို Axelos Ltd ဆိုတဲ့ ကုမ္ပဏီကရထားပါတယ်။
Axelos ဆိုတဲ့အဖွဲ့အစည်းကို အိုင်တီသမားတွေကတော့ ရင်းနီးကြပါလိမ့်မယ်။
နည်းပညာနဲ့ဆိုင်တဲ့ စီမံခန့်ခွဲရေးမော်ဒယ်တွေကို စံပြု၊ ဖြန့်ဝေပေးနေတဲ့ အဖွဲ့အစည်းပါ။
PRINCE2 – ပရော့ဂျက်စီမံခန့်ခွဲရေးမော်ဒယ်၊
MSP – ပရိုဂရမ်စီမံခန့်ခွဲရေးမော်ဒယ်။
ITIL – အိုင်တီလုပ်ငန်း ဝန်ဆောင်မှုမော်ဒယ်တွေကို သတိထားမိကြပါလိမ့်မယ်။
အိုင်တီသမားတွေ လေ့လာလိုက်စားကြတဲ့ ITIL ဆိုတာ Axelos ရဲ့မူပိုင်ပါ။

ပရော့ဂျက်မန်နေဂျာတိုင်းလိုလိုဟာ ထိုက်သင့်တဲ့ ပညာအရည်အချင်း၊ လုပ်ငန်းဗဟုသုတတွေ ရှိထာာပြီးသားဆိုတော့ သီအိုရီ၊ သဘောတရား၊ စကားလုံးကြီးတွေနဲ့ လုံးချာလည် အချိန်ကုန်ခံ ငွေကုန်ခံနေမယ့်အစား လုပ်ငန်းသဘာဝနဲ့ ပိုမိုနီးစပ်ပတ်သက်တဲ့ နည်းနာနိဿယ တစ်ခုခုကို လေ့လာတတ်မြောက်ထားတာက ပိုပြီးအကျိုးများနိုင်ပါတယ်။

PRINCE2 Structure

ပရင့်တူးကိုတော့ Structured Project Management Method စနစ်တကျဖွဲ့စည်းထားတဲ့ ပရော့ဂျက်စီမံခန့်ခွဲရေး နည်းနာနိဿယ လို့ပြောကြပါတယ်။
သူ့မှာ စနစ်တကျရှိထားတဲ့ ဖွဲ့စည်းပုံရှိပါတယ်။
ဖွဲ့စည်းပုံမှာပါဝင်တဲ့ အခြေခံအစိတ်အပိုင်းတွေကတော့..

  1. Principles – အခြေခံမူ ၇ ချက်ရှိတယ်။
  2. Themes – ပရော့ဂျက်တလျောက်လုံးမှာ ပါဝင်ရမယ့် လုပ်ငန်းအစိတ်အပိုင်း ၇ ခုရှိတယ်။
  3. Processes – စီမံခန့်ခွဲရေးလုပ်ငန်းစဉ် ၇ ခုရှိတယ်။
  4. Project Environment – ပရော့ဂျက်ရဲ့အခြေအနေအပေါ်မူတည်ပြီး လိုအပ်သလိုလိုက်လျောညီထွေလုပ်ဆောင်ခြင်း ရယ်လို့ အဓိကအခြေခံကျတဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ပရင့်တူးမှာ မပါတာတွေကတော့..
ခေါင်းဆောင်မှုဆိုတဲ့သဘောတရားတွေမပါဘူး။
ဘာကြောင့်လဲဆို..
ခေါင်းဆောင်မှုဆိုတာကို နည်းနာနိဿယတွေနဲ့ ပြောလို့မရတဲ့။
အခြေအနေနဲ့အချိန်အခါအလိုက် ခေါင်းဆောင်မှုဆိုတဲ့ပုံစံတွေကမတူညီနိုင်ဘူး။
ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်သွားနိုင်တယ်။

အများလက်ခံပြီးသားဖြစ်တဲ့ Critical Path Analysis, Earned Value Analysis ဆိုတာတွေမပါဘူးတဲ့။
ဘာကြောင့်လဲဆို..
အဲဒါတွေက အစကတည်းက စနစ်တကျပြုစုထားပြီးသား ပညာရပ်တွေဖြစ်တယ်။
We do not need to reinvent the wheel.
ပရင့်တူးမှာ ဒီအကြောင်းအရာတွေ တခန်းတနားဖော်ပြမထားပေမယ့် ပရေ့ဂျက်စီမံခန့်ခွဲရေးမှာ “ဒါတွေ မလိုအပ်ဘူး၊ ဒါတွေ မသုံးဘူး” လို့ပြောတာ မဟုတ်ပါ။

သက်ဆိုင်ရာပညာရပ်အလိုက် ရှိနေတဲ့ သီးခြားပညာရပ်ဆိုင်ရာ မော်ဒယ်တွေမပါဘူး။
ဥပမာ Project Life Cycles, Agile ဆိုတာတွေက ပရော့ဂျက်ရဲ့သဘာဝအလိုက် တခုနှင့်တခုမတူနိုင်ဘူး။
(အင်္ဂလိပ်တွေက သူများထွင်ထားတဲ့ ပညာရပ်တွေအပေါ် ကိုယ့်စကားလုံးတွေ ကြားညှပ်ထည့်ပြီး ဆရာကြီးစတိုင် မလုပ်ချင်ကြဘူး။ ပညာအပေါ်မှာ သစ္စာရှိတယ်၊ မာနရှိတယ်၊ လေးစားတန်ဘိုးထားတယ်ဆိုတာ တွေ့ရတယ်။)

RRINCE2 is practical base

ပရင့်တူးရဲ့အခြေခံမူတွေကို ကျနော့ရဲ့ ပရော့ဂျက်အတန်းတွေမှာ မကြာခဏထည့်ပြောလေ့ရှိပါတယ်။
ဗဟုသုတမျှဝေတဲ့ ပို့စ်တွေမှာလည်း ဒီအခြေခံမူတွေအကြောင်းကို ထည့်ပြောလေ့ရှိပါတယ်။

တချို့ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ပရော့ဂျက်မန်နေဂျာ၊ ပရော့ဂျက်အရာရှိအလုပ်ခေါ်စာတွေမှာဆိုရင် ပရင့်တူးအောင်လက်မှတ်ကို လိုအပ်ချက်တစ်ခုအနေနဲ့ တောင်းဆိုထားတာတွေ တွေ့ရမှာပါ။
နားလည်တဲ့သူတွေကတော့ ဒီလိုပညာရပ်တွေလေ့လာသင်ယူထားတာကို လက်ခံပါတယ်။
တချို့သူတွေမှာကတော့ ပရင့်တူးမကလို့ ပရင့်သရီး၊ ပရင့်ဖိုးပြောလည်း ဂရုမစိုက်ဘူး ဆိုတာတော့ရှိနိင်ပါတယ်။
ဒီတော့..
“ပရင့်တူးကိုလေ့လာထားရင် ဘာရမလဲ၊ ဘာဖြစ်မလဲ” လို့မေးရင်တော့..
ဒီလောကထဲမှာ ကျင်လည်နေမယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်တာတွေကို လေ့လာထားတာ မမှားနိုင်ပါဘူး။
တန်ဘိုးကိုနားလည်တဲ့သူနဲ့တွေ့ရင်တော့ တန်ဘိုးရှိလာနိုင်ပါတယ် လို့ဘဲပြောပါရစေ။

ပရောဂျက်စီမံခန့်ခွဲရေးမော်ဒယ်တခုဖြစ်တဲ့ ပရင့်တူးကို မိတ်ဆက်၊ မျှဝေပေးခြင်းပါ။
တက်သစ်စလူငယ်များ၊ အင်ဂျင်နီယာများ၊ ပရော့ဂျက်မန်နေဂျာများ ပရင့်တူးကို စနစ်တကျလေ့လာချင်တယ်ဆိုရင်တော့.. Knowledge Plaza နဲ့ဆက်သွယ်လိုက်စေချင်ပါတယ်ခင်ဗျာ။
ပညာရှင်များ အားလုံးကိုလေးစားလျှက်..

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *