PRINCE2-project-management

Learn Practical Approach to PRINCE2 Project Management Principles

စီမံကိန်းတွေမှာ တာဝန်ယူလုပ်ကိုင်နေကြသူ အတော်များများမှာ လုံလောက်တဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတွေရှိကြပါတယ်။ တချို့လည်း အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားကြပါတယ်။
ဒါပေမယ့်လည်း..
တချို့စီမံကိန်းတွေ အောင်မြင်တယ်။
တချို့စီမံကိန်းတွေ မအောင်မြင်ဘူး။
တချို့လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရွာလည်တိုင်ပတ်နေတယ်။
အားလုံးသိရှိထားတဲ့အတိုင်းပါဘဲ။ စီမံကိန်းတွေရဲ့ သဘောသဘာဝကိုက..
Change: အပြောင်းအလဲ
Temporary: အချိန်အကန့်အသတ်
Unique: ရလဒ်၊ ပုံစံအသစ်
Cross functional: လုပ်ငန်းပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ ပါဝင်မှု
Uncertainty: မရေရာ မသေချာမှုတွေနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။
စီမံကိန်းတစ်ခု အောင်မြင်ပြီးမြောက်နိုင်ဘို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ အားလုံးကိုတော့ မဆိုလိုပါ။

ပရင့်တူး စီမံခန့်ခွဲရေးမော်ဒယ်ကိုပြုစုခဲ့တဲ့ ပညာရှင်များဟာ စီမံကိန်းတော်တော်များများကို လေ့လာစမ်းစစ်မှုပြုခဲ့ကြတယ်။
အောင်မြင်တဲ့ စီမံကိန်းတွေ ဘာကြောင့်အောင်မြင်ကြသလဲ?
တချို့စီမံကိန်းတွေ ဘာကြောင့် မအောင်မြင်ကြသလဲ?
တချို့စီမံကိန်းတွေ ဘာကြောင့် ရွာလည်တိုင်ပတ်နေရသလဲ? ဆိုတာတွေကို လေ့လာစမ်းစစ် အဖြေရှာကြတယ်။
အဲဒီ လေ့လာစမ်းစစ်မှုကနေပြီး စီမံကိန်းစီမံခန့်ခွဲမှု အခြေခံသဘောတရားတွေကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။
စီမံကိန်းစီမံခန့်ခွဲမှု သဘောတရား ၇ ချက်ကို အခြေခံမူအဖြစ် လက်ခံကျင့်သုံးတဲ့ စီမံကိန်းအတော်များများဟာ အောင်မြင်မှုရသွားကြတယ်ဆိုတာကိုလည်း လက်တွေ့သိရှိသွားကြတယ်။
သဘောတရား ၇ ချက်ကို ပရင့်တူးမော်ဒယ်ရဲ့ အခြေခံမူ သို့မဟုတ် အခြေခံအုတ်မြစ်များ လို့လည်းတင်စားခေါ်ဝေါ်နိုင်ပါတယ်။
အဲဒီအခြေခံမူ ၇ ချက်ကတော့..

  1. Continued business justification
  2. Learn from experience
  3. Defined roles and responsibilities
  4. Manage by stages
  5. Manage by exception
  6. Focus on products
  7. Tailor to suit the project environment

စီမံကိန်းတွေမှာ ဒီအခြေခံမူ ၇ ချက်ကို အပြည့်အဝ အသုံးပြုနိုင်လျင် အောင်မြင်မှုရဘို့ အခွင့်အလမ်းပိုများနိုင်ပါတယ်တဲ့။
လက်တွေ့အသုံးပြုခဲ့သူတွေရဲ့ ထောက်ခံအားပေးမှု ရရှိထားတဲ့အတွက် ဒီအခြေခံမူတွေကို Project Management Best Practices လို့လည်းပြောကြပါတယ်။
ဒီအခြေခံမူတွေကို ဘယ်လိုစီမံကိန်းအမျိုးအစားဘဲဖြစ်ဖြစ်၊ ဘယ်သူမဆို အသုံးပြုနိုင်ပါတယ်။
ပရင့်တူးလို့ပြောလာရင်တော့ ဒီအခြေခံမူ ၇ ချက်လုံးကို အပြည့်အဝအသုံးချမှသာ ပရင့်တူးစီမံကိန်းလို့ ပြောနိုင်ပါတယ်။
ဒီအခြေခံမူ ၇ ချက်ကို တကယ်အပြည့်အဝ အသုံးမပြုဘဲ ပရင့်တူးပုံစံဇယားတွေကိုသာ ယူပြီးသုံးနေမယ်ဆိုရင်တော့ “ပရင့်တူးအမည်ခံ” စီမံကိန်းလို့သာ ပြောနိုင်ပါတယ်။
ပရင့်တူးဆိုတာ Template, Tools, Techniques and Form တွေနဲ့အတူ တင်းကြပ်တဲ့လုပ်ငန်းစဉ်တွေနဲ့ ချုတ်ချယ်ကန့်သတ်ထားတဲ့ စီမံခန့်ခွဲရေး နည်းလမ်းမဟုတ်ပါ။

ပရင့်တူးကို မည်သူမဆိုလေ့လာလို့ရပါတယ်။
တကယ်လို့များ ပရင့်တူးလက်မှတ်လိုချင်လို့ စာမေးပွဲဖြေချင်ရင်လည်း မည်သူမဆိုဖြေလို့ရပါတယ်။
ပညာအရည်အချင်း သင်တန်းဆင်းလက်မှတ်တွေ တင်ပြစရာ မလိုပါ။
လုပ်ငန်းအတွေ့အကြုံတွေ ဖော်ပြပေးစရာ မလိုပါ။
လေ့လာသင်ယူလိုခြင်းဟာ လူသားတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးတစ်ခုပါ။

မိတ်ဆွေများလည်း သတိထားမိမှာပါ။
စီမံကိန်းလုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်ချင်ကြတဲ့ ဘွဲ့ရပြီးကာစ လူငယ်တွေကို “လုပ်ငန်းအတွေ့အကြုံမရှိလို့” ဆိုပြီး အလုပ်မပေးချင်၊ အလုပ်မခန့်ချင်ကြတဲ့ အဖြစ်တွေ။
အလုပ် မရသေး၊ အလုပ် မလုပ်ဘူးသေတော့လည်း လုပ်ငန်းအတွေ့အကြုံတွေ ပြစရာ မရှိ။
အသိအမှတ်ပြုလက်မှတ် “Certificate” တွေကိုင်ပြီး ဝင်တိုးမယ်ဆိုတော့လည်း လက်မှတ်ရစာမေးပွဲဖြေဘို့ လိုအပ်ချက်တွေ အကန့်အသတ်တွေနဲ့ တားဆီးထားတဲ့ အဖြစ်တွေနဲ့ ကြုံနေရတတ်တယ်။
ဥပမာ..
ပီအမ်ပီလက်မှတ်ရဘို့ စာမေးပွဲဖြေချင်တယ်ဆိုရင်..
၁။ သတ်မှတ်ထားတဲ့ ပညာအရည်အချင်း ရှိရမယ်။ ဒီအထိတော့ အဆင်ပြေပါတယ်။
၂။ စီမံကိန်းလုပ်ငန်း အတွေ့အကြုံ ရှိကြောင်း အထောက်အထား တင်ပြနိုင်ရမယ်။ ဒီနေရာမှာတော့ ကျောင်းဆင်းကာစ လူငယ်တွေအတွက် အခက်အခဲတွေ ရှိပါတယ်။
၃။ စီမံကိန်းနဲ့ပတ်သက်တဲ့ ပညာရပ်ကို လေ့လာသင်ယူထားကြောင်း သင်တန်းဆင်းလက်မှတ်တစ်ခုခုကို တင်ပြနိုင်ရမယ်။ ဒီအတိုင်းသာဆိုရင်.. ကိုယ်တိုင် စာအုပ်တွေဖတ်မှတ်ပြီး လေ့လာနိုင်ရင်တောင် ပိုက်ဆံအကုန်ခံပြီး သင်တန်းတစ်ခုကို မဖြစ်မနေ ပြေးတက်ရအုံးမယ် ဖြစ်နေပါတယ်။

တကယ်ဆိုတော့လည်း အင်ဂျင်နီယာ၊ နည်းပညာ၊ အိုင်တီ၊ ဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲရေးအထူးပြု ပညာရပ်နယ်ပယ်တွေမှာလည်း စီမံကိန်းစီမံခန့်ခွဲမှုဆိုတာ ဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်းထားပြီး အနည်းနဲ့အများဆိုသလို လေ့လာသင်ယူပြီးသားဖြစ်မှာပါ။ ထပ်မံလေ့လာဘို့လိုတယ်၊ စာမေးပွဲအောင်လက်မှတ် ရချင်တယ်ဆိုရင်လည်း ပရင့်တူး စာမေးပွဲကို လွတ်လတ်စွာ ဖြေလို့ရပါတယ်။

ပရင့်တူး ပရော့ဂျက်စီမံခန့်ခွဲရေးအကြေင်း စနစ်တကျလေ့လာချင်တယ်၊ စာမေးပွဲဖြေချင်တယ်ဆိုရင်.. Knowledge Plaza ကိုသာလာခဲ့ပါဗျာ။

ပညာရှင်များကို လေးစားလျက်..

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *