Empirical Approach to the Language of Business
စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အရေးကြီး အရေးပါပုံအကြောင်းတွေကို ဆွေးနွေးတင်ဆက်ပေးပါရစေဗျာ။စီးပွားရေးလုပ်ငန်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာတော့..A business is an organization where resources are utilized to provide goods or services to customers.“လူအင်အား၊ ငွေအင်အားကို အသုံးပြုပြီး ဖောက်သယ်တွေအတွက် ကုန်ပစ္စည်းတွေထုတ်လုပ်၊ ဝန်ဆောင်မှုတွေ ပေးတဲ့ အဖွဲ့အစည်းတစ်ခု” လို့ပြောနိုင်ပါတယ်။စီးပွားရေးလုပ်တဲ့ရည်ရွယ်ချက်တွေ အများကြီးရှိနိုင်ပေမယ့်.. အဓိကရည်ရွယ်ချက်ကတော့ “အကျိုးအမြတ်တစ်ခု” ရရှိဘို့ပါဘဲ။The objectives of most businesses is to earn a profit.အကျိုးအမြတ်ဆိုတာမှာလည်း “ငွေကြေးအကျိုးအမြတ်” ကို အဓိကထားပါတယ်။NGO တွေအတွက်တော့ ငွေကြေးအကျိုးအမြတ်မဟုတ်ဘဲ အခြားအကျိုးအမြတ်တွေ ရှိပါတယ်။ ငွေကြေးအကျိုးအမြတ်ဆိုတာ..ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအပေါ် ဖောက်သယ်ကပေးတဲ့ ဈေးနဲ့ အဲဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုအတွက်…