financial management for non finance managers
|

Empirical Approach to the Language of Business

စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အရေးကြီး အရေးပါပုံအကြောင်းတွေကို ဆွေးနွေးတင်ဆက်ပေးပါရစေဗျာ။
စီးပွားရေးလုပ်ငန်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာတော့..
A business is an organization where resources are utilized to provide goods or services to customers.
“လူအင်အား၊ ငွေအင်အားကို အသုံးပြုပြီး ဖောက်သယ်တွေအတွက် ကုန်ပစ္စည်းတွေထုတ်လုပ်၊ ဝန်ဆောင်မှုတွေ ပေးတဲ့ အဖွဲ့အစည်းတစ်ခု” လို့ပြောနိုင်ပါတယ်။
စီးပွားရေးလုပ်တဲ့ရည်ရွယ်ချက်တွေ အများကြီးရှိနိုင်ပေမယ့်.. အဓိကရည်ရွယ်ချက်ကတော့ “အကျိုးအမြတ်တစ်ခု” ရရှိဘို့ပါဘဲ။
The objectives of most businesses is to earn a profit.
အကျိုးအမြတ်ဆိုတာမှာလည်း “ငွေကြေးအကျိုးအမြတ်” ကို အဓိကထားပါတယ်။
NGO တွေအတွက်တော့ ငွေကြေးအကျိုးအမြတ်မဟုတ်ဘဲ အခြားအကျိုးအမြတ်တွေ ရှိပါတယ်။

ငွေကြေးအကျိုးအမြတ်ဆိုတာ..
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအပေါ် ဖောက်သယ်ကပေးတဲ့ ဈေးနဲ့ အဲဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုအတွက် အထွေထွေ ကုန်ကျစရိတ်တို့ရဲ့ ခြားနားချက် ဖြစ်ပါတယ်။
“ဝင်ငွေနှင့်ထွက်ငွေ ခြားနားချက်ကို အသားတင် အကျိုးအမြတ်” လို့ ပြောလိုက်ရင်လည်း ရတာပါဘဲ။
ဒီတော့ အမြတ်များချင်ရင်..
၁။ အရောင်းဝင်ငွေ (Sales Revenue) များနိုင်သမျှ များအောင်လုပ်။
၂။ ထွက်ငွေ အသုံးစရိတ် (Expense) နည်းနိုင်သမျှ နည်းအောင်လုပ်။
စီးပွားရေးလုပ်ငန်းခွင်မှာ နေ့စဉ်နှင့်အမျှ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ.. နောက်ဆုံးတော့ ဒီအချက် ၂ ချက်ကို အားဖြည့်ပေးနေရတာပါဘဲ။
ဒါကိုဘဲ Creating Business Value ဆိုပြီး စကားလုံးသစ်တွေနဲ့ ဇာချဲ့ပြီးပြောရ ဆိုရတာတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့်အိုင်တီလောကသားတွေ လေ့လာ လိုက်စားကြတဲ့ Agile Product Development နယ်ပယ်မှာပါ။ Professional Scrum Product Owner တစ်ယောက်ရဲ့ အဓိက တာဝန်ခံမှုက ကိုယ််််််ဖန်တီးထုပ်လုပ်ပေးလိုက်တဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုရဲ့တန်ဘိုးကို အတတ်နိုင်ဆုံးမြင့်မားအောင် ဖန်တီးလုပ်ဆောင်ပေးရတယ်လို့ ဆိုထားပါတယ်။ စီးပွားရေးအဖွဲ့အစည်းတစ်ခုရဲ့ လုပ်ငန်းခွင်ထဲကိုဝင်ပြီး လေ့လာ ကြည့်ရအောင်…

Sales and Marketing

အရောင်းသမားတွေရဲ့ အဓိကရည်ရွယ်ချက်က (Sales Revenue) အရောင်းဝင်ငွေ တက်အောင်ကြိုးစားကြရတယ်။ သတ်မှတ်ထားတဲ့ Target ထိအောင် ရောင်းကြရတယ်။
Sales Revenue အရောင်းဝင်ငွေ ကောင်းရင် အမြတ်ကျန်ဘို့များတယ်။
ရောင်းအားကောင်းအောင်လို့.. ရောင်းရရင်ပြီးရောဆိုပြီး ဈေးလျှော့ရောင်းတိုင်းလည်း အရောင်းဝင်ငွေ ထင်သလောက် တက်မလာတာတွေ ရှိတတ်တယ်။
ဈေးတင်ပြီး ရောင်းရင်လည်း ဈေးကြီးတယ်ထင်ပြီး ဝယ်သူနည်းလာရင် အရောင်းဝင်ငွေ တက်မလာနိုင်တာတွေ ရှိတတ်တယ်။
အကြွေးချပေးလွန်းပြန်တော့လည်း ငွေကြေးလည်ပတ်မှု (Cash Flow) ကိုပါထိခိုက်နိုင်တယ်။

Operations Department

ကုန်ပစ္စည်းထုတ်လုပ်တဲ့ ဌာနမှာလည်း..
ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းဘို့
အချိန်မီထုတ်ပေးဘို့
လိုသလောက်များများထုတ်ပေးဘို့ လို့ပြောကြမယ်။
အဓိကအရေးကြီးတဲ့အချက်ကတော့ ထုတ်လုပ်မှုစရိတ် နည်းနိုင်သမျှနည်းရမယ် ဆိုတာပါဘဲ။
Cost of sales နည်းလေကောင်းလေဘဲ။
ဒါမှ.. အမြတ်ကျန်ဘို့ အထောက်အပံ့ ဖြစ်မှာပါ။

Procurement Department

ပစ္စည်းထုတ်ဘို့ ကုန်ကြမ်းတွေ ဝယ်ရမယ်။
ကုန်ကြမ်း အရည်အသွေး ကောင်းရမယ်။
စျေး သက်တောင့်သက်သာနဲ့ရနိုင်အောင်လုပ်ရမယ်။
ပစ္စည်း အချိန်မီ ရနိုင်ရမယ်။
ဖြစ်နိုင်ရင် အကြွေးရရင် ပိုကောင်းတယ်။
အဓိကအရေးကြီးတဲ့အချက်ကတော့ ထုတ်လုပ်မှုစရိတ်နည်းဘို့အတွက် ဖြစ်ရမယ် ဆိုတာပါဘဲ။
Cost of sales နည်းလေကောင်းလေဘဲ။
ဒါမှ.. အမြတ်ကျန်ဘို့ အထောက်အပံ့ ဖြစ်မှာပါ။
ကုန်ပစ္စည်းထုတ်လုပ်မှုစရိတ်ကို လျှော့ချလာနိုင်တာနဲ့အမျှ Gross Profit Margin အကြမ်းစားအမြတ် များလာမယ်။

ICT, Admin and Human Resources

အိုင်တီဌာနအနေနဲ့.. လုပ်ငန်းစဉ်တွေ တိုးတက်မြန်ဆန်အောင်၊ ဆက်သွယ်ရေး စနစ်တွေ ပိုမိုကောင်းမွန်အောင် အားထုတ်ကြရတယ်။ စီမံခန့်ခွဲရေးဌာနအနေနဲ့.. အထွေထွေ အသုံးစရိတ်တွေကို စီစစ်နိုင်ရမယ်။
လူ့စွမ်းအားအရင်းမြစ်ဌာနအနေနဲ့.. ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားအောင် အားပေးကြရတယ်။
ဒီဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်..
Productivity ထုတ်လုပ်မှုစွမ်းရည် ပိုကောင်းလာရမယ်။
Overhead Cost ကိုလျှော့ချနိုင်ရမယ်။
General Administrative Expense ကိုလျှော့ချလာနိုင်တာနဲ့အမျှ အခွန်မဆောင်ခင် အမြတ်ကို ပိုမိုရရှိနိုင်ပါတယ်။
General Administrative Expense အထွေထွေကုန်ကျစရိတ်တွေ လျော့ချဘို့ဆိုတာကလည်း ထင်သလောက်တော့ မလွယ်ပါ။ တွက်ကြည့်လိုက်ပါ..
ဝန်ထမ်းတွေအတွက် လစာပေးရမယ်။
အဆောက်အဦ၊ ရေ၊ မီးအတွက် ပုံမှန်ကုန်ကျစရိတ်တွေရှိမယ်။
စာရေးကရိယာ၊ ကွန်ပျူတာ၊ ရုံးအသုံးအဆောင်တွေအတွက် ကုန်ကျစရိတ်ရှိမယ်။
အရောင်းမြင့်တင်ရေးအတွက် အသုံးစရိတ်တွေရှိမယ်။

ဒီလိုအနေအထားတွေကို ခြုံငုံသုံးသတ်လိုက်ရင်.. “စီးပွားရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်ဆောင်ရွက်မှုတွေအားလုံးဟာ ငွေကြေးနဲ့ ပတ်သက်နေပါတယ်” လို့ပြောရတော့မှာပါ။
မန်နေဂျာတွေထဲက ဂျာကြီးတစ်ယောက်အနေနဲ့…
ဈေးကွက်ကိုဖောက်ဘို့ ပရိုမိုးရှင်းလုပ်မလား?
ကုန်ပစ္စည်း အသစ်ထုတ်လုပ်မလား?
ဈေးနှုန်း ပြောင်းမလား?
နောက်ဆုံးပေါ် ကွန်ပျူတာစနစ် တပ်ဆင်မလား?
ထုတ်လုပ်မှု စက်ကရိယာအသစ်တွေ တပ်ဆင်မလား?
စက်ကရိယာတွေ ငှားရမ်းပြီးသုံးမလား?
နိုင်ငံခြားသား ကျွှမ်းကျင်သူတွေကို အလုပ်ခန့်မလား?
ဝန်ထမ်းတွေကို ဘောနတ်ပေးမလား?
လုပ်ငန်းတွင်း လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်မှန်သမျှဟာ ငွေကြေးနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။

“စီးပွားရေး ကုမ္ပဏီတွေတည်ထောင်တယ်၊ ရှုံးတယ်၊ မြတ်တယ်၊ ကုမ္ပဏီချင်းပူးပေါင်းတယ်၊ ဒေဝါလီခံတယ်” ဆိုတဲ့ကိစ္စတွေ၊ ဆုံးဖြတ်ချက်တွေတွေဟာ ငွေကြေးအပေါ်မှာ အခြေခံထားပါတယ်။
စီးပွားရေး ကုမ္ပဏီတစ်ခု ကျရှုံးရတယ်ဆိုတာ..
ကုန်ပစ္စည်း အရည်အသွေးညံ့လို့၊
နည်းပညာနောက်ကျလို့၊
မားကက်ထဲ အဝင်နောက်ကျလို့ ဆိုတဲ့အကြောင်းအမျိုးမျိုးရှိနိုင်ပေမယ့်..
အများစုကတော့ အဓိကကျတဲ့ငွေကြေးစီမံခန့်ခွဲမှု လွဲမှားတာတွေကြောင့်ဖြစ်ပါတယ်။
Most of the business failure are due to the financial mismanagement.
နည်းပညာတွေ ဘယ်လောက်ကောင်းတယ်ပြောပြော…
ကုန်ပစ္စည်းတွေ ဘယ်လောက်ဘဲရောင်းရတယ်ဆိုဆို…
မားကတ်ကို ဘယ်လိုဘဲလက်ဦးမှု ယူထားနိုင်သော်လည်း…
၁၊ အသုံးစရိတ်ကများ (Expense)
၂၊ ဖောက်သယ်တွေဆီက ရစရာရှိတဲ့ ရောင်းရငွေတွေက တောင်းလို့မရ (Trade Receivable)
၃၊ ပေးရမယ့် အကြွေးကပူ (Trade Payable)
၄၊ ရောင်းမထွက်သေးတဲ့ ကုန်ပစ္စည်းတွေက ဂိုဒေါင်ထဲမှာ ပုံနေ (Inventory)
၅။ အလားအလာ မကောင်းတဲ့ ပရော့ဂျက်တွေမှာ ရင်းနှီးမြှုပ်နှံမိ (Investment)
၆၊ လက်ထဲမှာ ငွေသားလက်ကျန်ကနည်း (Working Capital)
၇၊ ငွေကြေးလည်ပတ်မှု (Cash Flow) ကို ထိခိုက်လာရင်တော့..
ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေလည်း ဖရိုဖရဲဖြစ်သွားတတ်ပါတယ်။
နောက်ဆုံး ကုမ္ပဏီရပ်ဆိုင်းလိုက်ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
No money, no business, no job.

ဒီလိုအခြေအနေမျိုးရောက်သွားရင်.. ဘယ်သူ့မှာ တာဝန်ရှိသလဲ?
အများပိုင် ကုမ္ပဏီတွေမှာတော့ စီအီးအိုက တာဝန်အရှိဆုံး၊ တာဝန်ခံရတယ်လို့ ပြောကြပါတယ်။
တကယ်တော့ (Senior Managers) အထက်တန်းအရာရှိ အားလုံးမှာ တာဝန်ရှိပါတယ်။
အရာရှိတွေအားလုံးရဲ့ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေဟာ..
ငွေကြေးနဲ့ပတ်သက်နေတယ်၊ ငွေကြေးကို ထိခိုက်စေတယ်ဆိုတာ တချို့အရာရှိများ သတိမထားမိကြလို့ပါ။ Value for money ငွေကြေးတန်ဘိုးကို လျစ်လျူရှုတတ်ကြလို့ပါ။
ဖြစ်တတ်တဲ့ အလေ့အထတွေကို ဆိုလိုတာပါ။ ကုမ္ပဏီအားလုံး၊ အဖွဲ့အစည်းအားလုံးကို မဆိုလိုပါ။

ကိုယ်ပိုင်လုပ်ငန်းမှာဖြစ်စေ၊ အများပိုင်ကုမ္ပဏီမှာဖြစ်စေ ငွေကြေးစီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်။
မန်နေဂျာတွေအားလုံးဟာ ငွေကြေးစီမံခန့်ခွဲရေးအကြောင်းကို.. ဘဏ္ဍာရေးမန်နေဂျာတစ်ယောက်လို အသေးစိတ်မသိနိုင်သော်လည်း အတိုင်းအတာတစ်ခုထိတော့ နားလည်ထားသင့်ပါတယ်။
တချို့မန်နေဂျာတွေကတော့ ဒီဘာသာရပ်ကို လေ့လာချင်ပေမယ့် တွက်တာ၊ ချက်တာတွေကို စိတ်မဝင်စားဘူး၊ မလုပ်ချင်ဘူးလို့ ပြောကြပါတယ်။ တချို့ဂျာကြီးတွေကလည်း Finance ဆိုတာ သူတို့အလုပ် မဟုတ်ဘူး လို့ယူဆကြတာတွေလည်း ရှိကြပါတယ်။
တကယ်တော့ Finance ဘာသာရပ်မှာ တွက်ရတဲ့သင်္ချာဖန်ရှင်က သိပ်ပြီး မများပါဘူး။
အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား၊ရာခိုင်နှုန်း
ဒီ ဖန်ရှင် ၅ ခုလောက်ဘဲ ရှိပါတယ်။
Finance Specialist, Investment Advisor, Financial Analysis တွေအတွက်ကတော့ ဒီထက်မက တွက်ရ ချက်ရတာတွေ ရှိမှာပေါ့နော်။

Financial Management for Non-Finance Managers
ဒီဘာသာရပ်ကို စိတ်ဝင်စားလို့ စနစ်တကျလေ့လာချင်တယ်ဆိုရင် Knowledge Plaza မှာလေ့လာလို့ရပါတယ်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *